ကျွန်ုပ် သင့်ကို မြင်သည်
ကျွန်မတို့ တစ်ယောက်နှင့်တစ်ယောက် တိုက်တွန်းခွန်အားပေးကြသည့် အွန်လိုင်း စာရေးဆရာများအဖွဲ့မှ သူငယ်ချင်းတစ်ယောက်က “ငါ နင့်ကို မြင်နေရတယ်” ဟု ပြောသည်။ စိတ်ဖိစီးနွမ်းလျပြီး ပူပင်သောကများ ခံစားနေရသည့်အချိန်တွင် သူ့စကားလုံး များသည် ငြိမ်သက်ခြင်းနှင့်သက်သာခြင်းကို ဖြစ်စေပါသည်။ သူသည် ကျွန်မ၏ မျှော်လင့်ခြင်း၊ ကြောက်ရွံ့ခြင်းများ၊ ရုန်းကန်နေရခြင်းများနှင့် အိပ်မက်များကို မြင်ပြီး ကျွန်မကိုလည်း ချစ်ပါသည်။
ရိုးစင်းလှသော်လည်း ခွန်အားနှင့်ပြည့်စုံသော သူငယ်ချင်း၏အားပေးစကားကို ကြားလိုက်ရသောအခါ ဟာဂရ အမည်ရှိ အာဗြံ၏အိမ်မှ အစေခံကျွန်မအဖြစ် ခစား ရသူ၏အကြောင်း စဉ်းစားမိသည်။ မိမိတို့အမွေကို ဆက်ခံ မည့်သူကို အာဗြံနှင့်စာရဲတို့ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စား ခဲ့ပြီးနောက် စာရဲသည် ထိုခေတ်၏ဓလေ့ထုံးစံအတိုင်း ခင်ပွန်းဖြစ်သူအား ဟာဂရအားဖြင့် ပဋိသန္ဓေယူရန် သဘောတူခဲ့သည်။ ဟာဂရ ကိုယ်ဝန်ရ ရှိသောအခါတွင်မူ သခင်မ စာရဲအား မထီမဲ့မြင်ပြုလေသည်။ ဤတွင် စာရဲက တန်ပြန်…
မပေါ်လွင်သော သူရဲကောင်းများ
ကျမ်းစာထဲမှ ဇာတ်လမ်းများသည် ကျွန်ုပ်တို့ရပ်ပြီးမဆင်ခြင်ဘဲ မနေနိုင်အောင် အံဩစရာကောင်းလှသည်။ ဥပမာ - မောရှေသည် ဘုရားသခင်၏လူမျိုးတော်ကို ကတိထားတော်မူသောပြည်သို့ ဦးဆောင်ပို့ဆောင်စဉ် အာမလက်လူတို့နှင့် တိုက်ခိုက် ခဲ့စဉ်က တောင်ထိပ်ပေါ်တက်ပြီး ဘုရားသခင်၏လှံတံကို မြှောက်ကိုင်ရမည်ကို သူမည်သို့ သိသနည်း (ထွက် ၁၇း၈-၁၅)။ ကျွန်ုပ်တို့လည်း မပြောတတ်ပါ။ မောရှေလက်မြှောက်လိုက်လျှင် ဣသရေလ လူတို့ အောင်နိုင်ပြီး၊ လက်ချလိုက်လျှင် အာမလက်တို့ နိုင်သည်ကိုသာ သိရသည်။ မောရှေပင်ပန်းလာသောအခါ အာရုန်နှင့် ဟုရတို့က ဣသရေလလူတို့ အောင်နိုင်ရေး အတွက် မောရှေလက်ကို ကူညီမြှောက်ပင့်ပေးခဲ့သည်။
ဟုရ အကြောင်းကို အနည်းငယ်သာ ရေးသားထား သော်လည်း ဣသရေလသမိုင်းတွင် သူသည် အရေးပါသော
အခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဤအချက်က နောက်ကွယ်မှ မထင်ရှားသော သူရဲကောင်းများသည် အရေးပါကြောင်း၊ ခေါင်းဆောင်ကို ကူမထောက်ပံ့ပြီး အားပေးတိုက်တွန်းသူများ သည် အဓိကအရေးကြီးဆုံးအခန်းကဏ္ဍ (သို့)…
ဇီဝအသက်
နှင်းများကျပြီးအေးချမ်းလှသည် မနက်ခင်းလေးတစ်နေ့၌ ကျွန်မနှင့် ကျွန်မသမီးလေး ကျောင်းသို့သွားရင်း ကျွန်မတို့ မှုတ်ထုတ်လိုက်သည့်လေက အခိုးငွေ့လေးများ ဖြစ်သွားသည်ကို ကြည့်ကာ ပျော်ရွှင်ခဲ့ကြသည်။ ကျွန်မတို့ မှုတ်ထုတ်လိုက်သည့် ရေငွေ့ပုံစံအမျိုးမျိုးကိုကြည့်ပြီး သဘောကျစွာ ရယ်မောခဲ့ကြသည်။ သမီးလေးနှင့် အတူရှိရသည့်အချိန်၊ အသက်ရှင်ခွင့်ရသည့် အချိန်လေးက ကျွန်မအတွက် ဆုလာဘ်ဖြစ်သည်။
လေရှူထုတ်ခြင်းကို များသောအားဖြင့် မမြင်နိုင် သော်လည်း လေအေးထဲ၌ မြင်ရခြင်းက ရှူသွင်းရှူထုတ် သောလေနှင့် အသက်၏အရင်းအမြစ်ဖြစ်တော်မူသော ဖန်ဆင်းရှင် ဘုရားသခင်ကို အောက်မေ့ဆင်ခြင်မိစေသည်။ “ ထာဝရဘုရားသည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏ နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါ ဖြစ်လေ၏”(က ၂း၇)။ အလုံးစုံသော အရာခပ်သိမ်းတို့သည် အထံတော်မှလာသည်။ အမှတ်မထင် ဘာမှမစဉ်းစားဘဲ ကျွန်မတို့ ရှူသွင်းလိုက်သည့် လေများပင်လျှင် အထံတော်မှ ဖြစ်ပါ၏။
မျက်မှောက်ခေတ်၏ ဘ၀ကိုအဆင်ပြေချောမွေ့စေသည့် နည်းပညာများ၏ ကျေးဇူးဖြင့်…
တစ်စုံတစ်ရာကို ရှာတွေ့နိုင်အောင် ပျောက်ဆုံးခြင်း
ကျွန်မ၏ခင်ပွန်းနှင့်လက်ထပ်ပြီး သူနေထိုင်သော ယူကေသို့ ပြောင်းရွှေ့နေထိုင်သော ၅ နှစ်တာကာလသည် နိုင်ငံရပ်ခြား၌ နေထိုင်ရသည့် စွန့်စားမှုတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၂၀ ကြာသည့်အထိ နေထိုင်ရမည်ဟုတစ်ခါမျှ အိပ်မက် မမက်ခဲ့သလို၊ ကျွန်မ၏မိသားစုဝင်များ၊ မိတ်ဆွေများ၊ အလုပ်အကိုင် စသည့်မိမိနှင့်အကျွမ်းဝင် ရင်းနှီးသော အရာအားလုံးကို စွန့်လွှတ်ဆုံးရှုံးခဲ့ရလိမ့်မည်ဟု မတွေးခဲ့ဖူးပါ။ သို့သော် ယခင်ဘ၀ရှင်သန်ကိုဆုံးရှုံးခဲ့ရပြီးမှ ကျွန်မအတွက် ပို၍ ကောင်းမွန်သော ဘ၀ရှင်သန်မှုအသစ်ကို ရရှိခဲ့သည်။
အသက်ရှုံးလျှင် အသက်ကိုတွေ့လိမ့်မည်ဟူသည့် ပြောင်းပြန်အချိုးကျသည့်ဆုလာဘ်သည် တပည့်တော် များကို သခင်ယေရှုပေးခဲ့သော ကတိတော်ဖြစ်သည်။ သတင်းကောင်း ဝေငှပြောကြားရန် တပည့်တော် ၁၂ ပါး တို့ကို သခင်စေလွှတ်သောအခါ ၎င်းတို့အား ၎င်းတို့၏မိဘ၊ သားသမီးများထက် သူ့ကို ပိုချစ်ရန် မိန့်ကြားခဲ့သည် (မဿဲ ၁၀း ၃၇)။ မိသားစုကို အထူးတန်ဖိုးထားဦးစားပေးသည့် လူ့အသိုင်းအဝန်းကြောင့် သခင်ထိုသို့မိန့်ကြားခြင်းဖြစ်သည်။ သို့သော် “ငါ့ကြောင့် မိမိ…
တံဆိပ်လက်စွပ်
ကျွန်မသည် နိုင်ငံခြားသား မိတ်ဆွေသစ်တစ်ဦးနှင့် စတင်မိတ်ဖွဲခဲ့စဉ်က သူ၏ အဆင့်မြင့် အင်္ဂလိပ်စကား ပြောသံနှင့် သူ့လက်သန်း၌ ၀တ်ဆင်ထားသော လက်စွပ်ကို သတိထားမိခဲ့သည်။ ယင်းသည် လက်ဝတ်ရတနာမျှသာ မဟုတ်ဘဲ သူ့မိသားစု၏ အမှတ်သင်္ကေတကို ထွင်းထုထားပြီး မိသားစု၏ သမိုင်းကြောင်းကို ဖော်ပြနေကြောင်း နောက်ပိုင်းမှ ကျွန်မသိခဲ့ရသည်။
သူ့လက်စွပ်သည် ဟဂ္ဂဲအနာဂတ္တိကျမ်းပါ တံဆိပ်
လက်စွပ်နှင့် ဆင်သည်။ ဤဓမ္မဟောင်းကျမ်း၌ ဗိမာန်တော်
ကို ပြန်လည်တည်ဆောက်ရန် ဘုရားသခင်၏ လူမျိုးတော် တို့ကို ပရောဖက် ဟဂ္ဂဲဆင့်ခေါ်သည်။ သူတို့သည် ပြည်နှင့်ဒဏ်ခံခဲ့ရပြီး ယခုတွင် မွေးရပ်ဌာနေသို့ ပြန်လာပြီး ပြန်လည်တည်ဆောက်ရေးများ စတင်လုပ်ဆောင်ကြ သော်လည်း ရန်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် သူတို့၏စီမံကိန်းကို ရပ်နားထားရသည်။ ဟဂ္ဂဲ၏သတင်းစကားတွင် ယုဒမြို့ဝန် ဇေရုဗဗေလအား ရွေးချယ်ပြီး တံဆိပ်လက်စွပ်အဖြစ် ခေါင်းဆောင်အရာ၌ ခန့်အပ် ကြောင်း ဘုရားသခင်၏ကတိတော် အကြောင်း ပါဝင်နေ၏။…
နားထောင်သူနှင့် လုပ်ဆောင်သူ
သင်းအုပ်ဖြစ်သော ကျွန်မအမျိုးသားထံ ညဘက်ကြီး ဖုန်းဝင်လာသည်။ ကျွန်မတို့
အသင်းတော်၏ဆုတောင်းသူရဲကောင်းတစ်ယောက်ဖြစ်သည့် အသက် ၇၀ အရွယ် တစ်ဦးတည်းနေထိုင်သူ အဘွားတစ်ဦးမှာ အစာမစားနိုင်၊ မသောက်နိုင်၊ ဘာမှမမြင်နိုင်၊ လမ်းပင် မလျှောက်နိုင်သည်အထိ နာမကျန်းဖြစ်သွား၍ သူ့ကို ဆေးရုံတင်လိုက်ရသည်။
သေမလား ရှင်မလား မသိနိုင်တော့သည့် အခြေအနေတွင် ဘုရားရှင်ထံမှ မစမှုကို အသနားခံကာ သူပြန်လည် ကျန်းမာ လာရန်အတွက် တောင်းလျှောက်ခဲ့သည်။ အသင်းတော်သည် သူအတွက် ၂၄ နာရီ သံကြိုးကွင်းဆက် လာရောက် လည်ပတ်အားပေးမည့်သူများကို ခွဲခန့်မှတ်သားလိုက်ပြီး၊ သူသာမက အခြားလူနာများ၊ ဧည့်သည်၊အစောင့်နှင့် ဆေးရုံ ၀န်ထမ်းများအား ခရစ်ယာန်မေတ္တာကို ပြသနိုင်ခဲ့သည်။
ရှေးကနဦး ဂျူးခရစ်ယာန်များထံ ရှင်ယာကုပ် ရေးသားသောစာတွင် အသင်းတော်များအား မစမှု လိုအပ်သူ ဆင်းရဲသားများကို ဂရုစိုက်ရန် တိုက်တွန်းထားသည်။ ယာကုပ်သည် ယုံကြည်သူများအား နှုတ်ကပတ်တရားကို နာရုံမျှသာမဟုတ်၊ တရားကို…
သင့်တင့်မျှတသော
ဖွံ့ဖြိုးပြီးနိုင်ငံများစွာ၌ တစ်စတစ်စနှင့်များပြားလာသော ဈေးဝယ်ထွက်ခြင်းကို ခုံမင်သူ များအား ‘‘ဘယ်လောက်ဆိုရင်လောက်မှာလဲ’’ ဟူသည့် ရိုးစင်းသော ဤမေးခွန်းလေးကို မေးပါ မည်။ အမေရိကန်ပြည်ထောင်စု၌ ကျေးဇူးတော်ချီးမွမ်းခြင်း ရက်သတ္တပတ် ပြီးဆုံးပြီး နောက်တစ်ရက် Black Friday တွင် စတိုးဆိုင်များစွာသည် ခပ်စောစောဆိုင်ဖွင့်ပြီး ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချကြသည်။ ၎င်းထုံးစံက အခြားနိုင်ငံများ၌ပါ ပျံ့နှံ့ကုန်သည်။ ဈေးဝယ်သူအချို့က သူ့အတိုင်းအတာနှင့်သူ ၀ယ်နိုင်သည့် သင့်တင့်သော
ဈေးနှုန်းဖြင့်သာ ပစ္စည်းများ ၀ယ်ယူကြသည်။ ၀မ်းနည်းစရာမှာ
အချို့သူများမှာ လောဘစိတ်၏တွန်းအားပေးမှုဖြင့် မရမက ဈေးဆစ်ကာဝယ်ယူကြသဖြင့် အကြမ်းဖက်သည့်အသွင် ဆောင်နေတော့သည်။
ဝယ်သူအကြိုက် လိုက်ပေးပြီး စိတ်ကို မွှန်ထူစေခြင်း အန္တရာယ်ကို ဈေးဝယ်ရာ၌ ဖြစ်စေ၊ စိတ်နှလုံး၌ ဖြစ်စေ ကျွန်ုပ်တို့ ရင်ဆိုင်ရမည်။ ထိုအန္တရာယ်အတွက် တန်ပြန် ကုစားရန် ဓမ္မဟောင်းကျမ်းမှ ပညာနှင့်ဆိုင်သောကျမ်းကို ရေးသားသူ ‘ဓမ္မဒေသနာဆရာ’ (ဒေ…
စွန့်လွှတ်ပေးဆပ်သော ယုံကြည်ခြင်း
တနင်္ဂနွေညနေခင်းအချိန်တွင် ကျွန်မခင်ပွန်းသင်းအုပ်ဆရာအဖြစ် အစေခံသော အသင်းတော်အနီးရှိ ကျွန်မတို့အိမ်ပန်းခြံထဲ၌ ထိုင်နေရင်း Farsi ဘာသာစကားဖြင့် သီဆိုချီးမွမ်းကိုးကွယ်ခြင်း သီချင်းသံမှာ လေနှင့်အတူလွင့်မျောလာသည်။ လန်ဒန်မြို့ရှိ ကျွန်မတို့၏အသင်းတော်၌ တက်ကြွသော အီရန်လူမျိုး တပည့်တော်စုအား ဧည့်အသင်းတော်အဖြစ် လက်ခံဝတ်ပြုစေခဲ့ပြီး၊ သူတို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် အကြောင်းများ၊ သူတို့သင်းအုပ် ဆရာကြီး၏ညီမှာ ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ ရသည့် အကြောင်းများ ဝေငှ ပြောပြ သည်။ ခရစ်တော် အတွက် သူတို့၏စိတ်အားထက်သန်မှုကို ကျွန်မတို့စိတ်၌ အလွန် ထိတွေ့ခဲ့သည်။ ဤသစ္စာရှိသော ယုံကြည်သူများသည် ပထမဦးဆုံးသော ခရစ်ယာန်မာတုရဖြစ်သည့် သတေဖန်၏ ခြေရာအတိုင်း လိုက်လျှောက်ခြင်းဖြစ်သည်။
ကနဦးအသင်းတော်၌ ဦးဆောင်သူအဖြစ် ဦးဆုံး ခန့်အပ်ခံရသည့် သတေဖန်သည် ‘‘ကြီးစွာသော နိမိတ် လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို’’ (တ ၆း၈) ပြုလုပ်သည့် အတွက် ယေရုရှလင်မြို့၌လူများ၏အာရုံစိုက်မှုကို ခံရသည်။ သူ၏လုပ်ရပ်အတွက် ခုခံပြောဆိုရန်…
မေတ္တာပါသော လုပ်ဆောင်မှု
လန်ဒန်မြို့ရှိ ကျွန်မတို့အိမ်သို့ အလည်လာသောဧည့်သည်အား "လျှော်ချင်တဲ့ အ၀တ်တွေများ ရှိသလား" ဟု မေးလိုက်ရာ၊ သူ့မျက်နှာဝင်းပသွားပြီး ဖြတ်လျှောက် လာသော သူ့သမီးအား "အင်္ကျီအပေတွေသွားယူလာခဲ့၊ အေမီက အ၀တ်တွေ လျှော်ပေးမလို့တဲ့" ဟု ပြောလိုက်သည်။ ကျွန်မပြုံးလိုက်မိလျက် အ၀တ်အနည်းငယ်မှ အ၀တ်ထုပ်ကြီး ဖြစ်လာတော့မည်ဟု တွေးမိသည်။
အ၀တ်များကို အိမ်အပြင်၌ ထုတ်လှန်းစဉ် မနက်က ဖတ်ခဲ့သည့်ကျမ်းစာက အတွေးထဲဝင်ရောက်လာသည်။ ‘‘သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်
ကြလော့’’ (ဖိ ၂း၃)။ ဖိလိပ္ပိမြို့သားတို့ထံ ရှင်ပေါလု ရေးသား သည့် သြ၀ါဒစာကို ကျွန်မဖတ်စဉ် ရှင်ပေါလုက အစေခံခြင်း၊ အခြားသူများနှင့် သင့်တင့်ညီညွတ်စွာ နေထိုင်ခြင်းအားဖြင့် ဘုရားရှင်၏ခေါ်တော်မူခြင်းနှင့် အထိုက်အလျောက် အကျိုး ရှိစွာ အသက်ရှင်ရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။ ညှဉ်းပမ်းနှိပ်စက်မှုများ ခံနေရလင့်ကစား ၎င်းတို့တစ်စိတ် တစ်သဘောတည်းရှိခြင်းကို ရှင်ပေါလု…
ဘုရားအသံတော်ကြားနာခြင်း
အအေးမိပြီး ဓာတ်မတည့်မှုကြောင့် ရေအောက်ထဲ ရောက်နေသကဲ့သို့ ကျွန်မနားအူပြီး အသံမသဲမကွဲသာကြားရသည်။ ရှင်းရှင်းလင်းလင်း နားကြားအောင် ရက်သတ္တပတ် အတန်ကြာမျှ ကျွန်မ ကြိုးစားကြည့်သည်။ နားမကြားရမှ နားကြားရစဉ်က ထိုအရာကို တန်ဖိုးမသိ အလေးမထားခဲ့မိကြောင်း ကျွန်မသဘောပေါက်လိုက်သည်။
သူငယ်ရှမွေလသည် ဗိမာန်တော်တွင် သူ့နာမည်
ခေါ်သံကြားရ၍ အိပ်မရဘဲ သူကြားရတာ ဘာပါလိမ့်ဟု တွေးကောင်း တွေးနေခဲ့လိမ့်မည် (၁ ရာ ၃-၄)။ ယဇ်ပရောဟိတ်
ဧလိထံ သုံးကြိမ်တိုင် သူပြေးသွားခဲ့သည်။ တတိယအကြိမ် တွင်မှ ထာဝရဘုရားသည် ရှမွေလအား စကားပြောခြင်း ဖြစ်ကြောင်း ဧလိသဘောပေါက်သွားသည်။ ‘‘ထိုကာလ၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် နည်းပါး၏’’ (း၁)။ ထို့ပြင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူတို့အသက် မရှင် ကြ။ သို့နှင့် ဧလိက ရှမွေလအား မည်သို့ တုံ့ပြန်ရမည်ကို သွန်သင်ပေးလိုက်သည် (း၉)။
ရှမွေလ လက်ထက်မှာထက် ယခုခေတ်တွင်…